Home

Myanmar Hymn Lyrics

90
Hymn Number
5
Views
PPTX: 3
PDF: 5
Downloads
2025-09-29 20:27
Created At
Hymn Number: 90
Title (MM): ကယ်တင်တော်ကျူး
Title (EN): N/A
Composer: N/A
Key: N/A
Scriptures: ဆာ၊ ၆၈း၁၉-၂၀
Category: ခရစ်တော်ချီးမွမ်း
PPTX: Download (3 downloads)
PDF: Download (5 downloads)
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
၁။ တုပြိုင်ဘက်သူမရှိ မပေါ်၊ တန်ခိုးမြတ်လွန် ကြီးစွာ၊ 
မြတ်ထာ၀ရဘုရားရှင်ကို သံပြိုင်အေးကျူးကုန်ပါ။

၂။ အံ့ဖွယ်ခပ်သိမ်း၊ အရာတို့ကို ပြုတော်မူလေခဲ့ပြီ၊
မြတ်ကိုယ်တော်၏ ညာလက်ရုံးတော်၊ 
ချွတ်ကယ်အောင် ဆောင်သတည်း။

၃။ ဘုရားမြတ်ကျေးဇူးကယ်တင်လမ်း၊ အလွန်ဖြောင့်တန်းလေ၏
တပါးအမျိုးသားများတို့အား တရားကိုပြလျက်ရှိ။ 

၄။ ကယ်ချွတ်သောကျေးဇူးတော်သတင်း၊ ခပ်သိမ်းလူမြင်သိကြား၊ 
မြေသားအပေါင်း ဘုရားဂုဏ်ကို သံပြိုင်အေးကျူးကုန်ပါ။ (အာမင်)