Myanmar Hymn Lyrics

92
Hymn Number
302
Views
PPTX: 129
PDF: 148
Downloads
2025-09-29 20:29
Created At

Hymn 92

အတုမဲ့ယေရှုကို ချီးမွမ်းကျူး

၁။ ကယ်တင်ပိုင်ရှင် နဖူးတော်မှာ ဘုန်းအာနုဘော်တည်ပေ၊ 
ဉီးရစ်မကိုဋ်ရောင်ခြည် ထွန်းပ၊ နှုတ်ခမ်းတော် တင့်တယ်လေ၊ 
နှုတ်ခမ်းတော် တင့်တယ်လေ။ 

၂။ သခင်ဘုရားနှင့် ပြိုင်နိုင်သူ၊ လူသားများတွင် မရှိ၊ 
ကောင်းကင်ဘုံသားတို့တွင်ဆိုမူ၊ ထိုနည်းအတုမဲ့တည်း၊ 
ထိုနည်းအတုမဲ့တည်း။ 

၃။ ငါ့ဒုက္ခ၌ နှစ်မြုပ်လျက်နေ၊ ယေရှုမြင်တော်မူ၏၊
ရှက်ကြောက်ဖွယ်ကားတိုင်ကို ထမ်း၍၊ နုတ်ယူတင်တော်မူပြီ၊
နုတ်ယူတင်တော်မူပြီ။ 

၄။ ခရစ်တော်စောင့်မခြင်းအားဖြင့်၊ ငါသည် အသက်ရှင်၏၊ 
သေမင်းကိုလည်း အောင်ခြင်းအခွင့်၊ ငါ့အား ပေးတော်မူမည်၊
ငါ့အား ပေးတော်မူမည်။

၅။ ဘုရားသခင် စံတော်မူရာ ကောင်းကင်ရွှေပြည်တော်တွင်၊
ငါ့ကို ပို့ဆောင်တော်မူအခါ၊ ချမ်းသာရမည်အစဉ်၊ 
ချမ်းသာမည်အစဉ်။ 

၆။ သခင်ဘုရား ဤကျေးဇူးများ ကျွန်ုပ်ခံစားရပြီ၊ 
နှလုံးတစ်ထောင်ပင်ရှိသော်ကား၊ အကုန်ဆက်ကပ်ပါမည်၊ 
အကုန်ဆက်ကပ်ပါမည်။ (အာမင်)
Hymn Number:
92
Title (Myanmar):
အတုမဲ့ယေရှုကို ချီးမွမ်းကျူး
Title (English):
Majestic Sweetness sits enthroned
Composer:
Thomas Hastings (1784-1872)
Key:
N/A
Scriptures:
ဆာ၊ ၈၉း၅-၈
Category:
ခရစ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 129
PDF File

Download PDF

Downloads: 148
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.