၁။ အိုကျေးဇူးရှင် သခင်ယေရှု ချီးမွမ်းမကုန်နိုင်ပါ၊ ဘုရားဘုန်းစည်းစိမ် စွန့်တော်မူ၊ ဤလောကသို့ ကြွလာ။ ၂။ ခမည်းတော်၏ အမျက်တော်ကို လူမှ ဖယ်တော်မူပြီ၊ ရန်သူဖြစ်သော သူတို့အဖို့ အသက်စွန့်တော်မူ၏။ ၃။ လူမျိုးတို့ကို သနားသောကြောင့် မထီမဲ့မြင်ကိုခံ၊ ရန်သူကိုပင် ကယ်ချွတ်ရအောင်၊ လက်ဝါးကပ်တိုင်ကို ထမ်း။ ၄။ အကျွန်ုပ်တို့အပြစ်များစွာ ဆောင်သွားတော်မူပါပြီ၊ အိုကျေးဇူးရှင် ကိုယ်တော်မြတ်အား၊ မြတ်မင်္ဂလာရှိ၏။