၁။ လက်ဝါးကပ်တိုင်မှာ ခံမူရာ၊ ဒုက္ခမင်္ဂလာလက္ခဏာ၊ ခြေလက်နံဖေးတော်ပေါက်ပြဲသည်၊ ယေရှုပြလျက်နေတော်မူ၏။ ၂။ တပည့်တော်မျူားကို တွေ့ခြင်းငှါ၊ ယေရှုကြွလာတော်မူသောခါ၊ စားပွဲတော်ပေါ် မုန့်စပျစ်ရည်၊ အထူးသဖြင့် မြိန်ချိုပေသည်။ ၃။ အပြစ်များကြောင့် ကျွန်ုပ်တို့်သည် ပုံတော်ကိုသာ ပြနိုင်သော်လည်း၊ မျက်နှာချင်းဆိုင်နိုင်သော အခွင့် သနားပေးတော်မူပါ အရှင်။ ၄။ ကျေးဇူးတော်ပေါင်း အောက်မေ့လျက်နှင့် အားရအကျွန်ုပ်တို့ ကပ်ချဉ်း၊ ရွှေမျက်နှာတော် ဖူးမြင်ခြင်းငှါ၊ တစ်သဘောစိတ်ပြုပြင်မူပါ။ ၅။ ဤဘဝပင် ကောင်းကင်ချမ်းသာ သန့်ရှင်းသူတို့ ခံစားအံ့ငှါ၊ ကန့်လန့်ကာကို ပယ်ရှားပြီးလျှင်၊ ရောင်ခြည်လွှတ်တော်မူပါ၊ အရှင်။
Your browser does not support iframes. You can download the PDF here.