၁။ သားတော်မြတ်သခင် ယေရှု၊ ကောင်းကင်က ဆင်းသက်တော်မူ၊ ဒုက္ခမျိုးအတိုင်းမသိ၊ လူကိုယ်စားခံတော်မူ၏။ ၂။ ကောင်းကင်ရှင်မဟာယေရှု၊ ပြောမကုန် နှိုင်းယှဉ်မတူ၊ မြတ်စွာသော မိမိအသက်၊ စွန့်တော်မူ လူတို့အတွက်။ ၃။ ကျေးဇူးရှင် သားတော် ယေရှု၊ သေခံပြီး သုံးရက်လွန်မူ၊ လူ့ဘုံသား အံ့ဩမမှီ၊ သေခြင်းမှ ထတော်မူပြီ။