၁။ အံ့ဩဖွယ်ရာ ကယ်တင်ပိုင်ရှင် တံခါးဝနားရပ်နေ၊ အထောင်အသောင်း ဆုလာဒ်များလျှင်၊ ရွှေလက်တော်၌ ရှိပေ။ ၂။ သင်တို့များကို ချမ်းသာစေအောင် ငါသည် အသက်စွန့်ပြီ၊ အပြစ်ရှိသူ ယခုနားထောင် ကောင်းချီးအစဉ်ပေးမည်။ ၃။ ငါ၏ အသွေးသွန်းသော မေတ္တာသင်တို့ ပယ်ကြမည်လော၊ သို့တည်းမဟုတ် အထက်ဘုံမှာ ငါနှင့်နေကြမည်လော။ ၄။ ထိုသို့ ယေရှုခေါ်တော်မူသံ အိုနာခံယူကြပါ၊ သို့တည်းမဟုတ် ကိုယ်တော်မြတ်ထံ အလျှင်းမရောက်နိုင်ရာ။