၁။ ဘုရားကျေးဇူးမြတ် ဂုဏ်တော်ကို အလွန်အကျူး စော်ကား၊ မထီမဲ့မြင် အကျွန်ုပ်သည် ပြစ်မှားပါပြီ ဘုရား။ ၂။ ပြစ်မှားသော်လည်း အကျွန်ုပ်ကို မပစ်မဖယ်မရှား၊ ထံတော်မြတ်တွင် ဝင်စားခိုလှုံခွင့်ပေးတော်မူဘုရား။ ၃။ သန့်ရှင်းစင်ကြည်မြဲတည်ကြည်ခြင်း အလင်းပေးပါသခင်၊ ထံတော်ကဝေးမကွာ ရအောင် သည်းခံပါဉီး အရှင်။ ၄။ အလွန်သန့်ရှင်းသော ဝိညာဉ်ကို သွန်းလောင်းတော်မူသခင်၊ ကယ်တင်ခြင်းတွင်၊ ဝမ်းမြောက်စရာ နှလုံးပေးပါအရှင်။