Myanmar Hymn Lyrics

180
Hymn Number
294
Views
PPTX: 108
PDF: 114
Downloads
2025-09-30 15:04
Created At

Hymn 180

ယေရှုကျွန်ုပ်လာသည်ကျူး

၁။ ချည်နှောင်ခြင်းနှင့် ဝမ်းနည်းခြင်းထဲက ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊
လွတ်လပ်ခြင်းနှင့် ဝမ်းသာြခင်းထဲသို့ ယေရှု ကျွန်ုပ်လာပြီ၊
ဤရောဂါက ကျန်းမာခြင်း မြတ်သို့၊ ဆင်းရဲခြင်းမှ၊ ဝပြောခြင်းရဖို့၊ 
ဒုစရိုက်များက ကိုယ်တော်ထံသို့၊ ယေရှု ကျွန်ုပ်လာပြီ။ 

၂။ အလွန်ရှက်ကြောက်ဖွယ် ဆုံးရှုံးခြင်းက၊ ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊
တိုင်တော်ဖြင့် ရသော အောင်မြင်ခြင်းသို့၊ ယေရှု ကျွန်ုပ်လာပြီ၊
ခံရသော ဒုက္ခဝေဒနာမှ၊ ကိုယ်တော်၏ ငြိမ်သက်ဝမ်းသာခြင်းသို့၊
ငိုကြွေးခြင်းမှ သီချင်းဆိုဖို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ။

၃။ လောဘ၊ မာန၊ ထောင်လွှားခြင်းထဲမှ၊ ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊
အလိုတော်ကို အစဉ်လိုက်ဘို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ၊
ကျွန်ုပ်စိတ်ပျက်ခြင်း၊ အားလျော့ခြင်းမှ၊ ကိုယ်တော်မဟာမေတ္တာတော်ထဲသို့၊
ချိုးငှက်ကဲ့သို့ ပျံတက်နေဖို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ။

၄။ ကြောက်မက်ဖွယ်သော သင်္ချိုင်းတွင်းထဲက၊ ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်၊
ကောင်းကင် အလင်း သုခချမ်းသာသို့၊ ယေရှု ကျွန်ုပ်လာပြီ၊
တိုင်းမသိသော ပျက်စီးခြင်းထဲက၊ လုံခြုံစွာ ကိုယ်တော်၏ သိုးခြံမှာ၊ 
မျက်နှာတော်ကို ဖူးမျှော်နေဖို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ။
Hymn Number:
180
Title (Myanmar):
ယေရှုကျွန်ုပ်လာသည်ကျူး
Title (English):
Jesus I come
Composer:
George C. Stebbins
Key:
N/A
Scriptures:
ဆာ၊ ၇၁း၄
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 108
PDF File

Download PDF

Downloads: 114
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.