Myanmar Hymn Lyrics

184
Hymn Number
340
Views
PPTX: 175
PDF: 176
Downloads
2025-09-30 15:09
Created At

Hymn 184

ယေရှုရှင် ငါ့စိတ်တွင် ကိန်းစဉ်ကျူး

၁။ အံ့ဩဖွယ်သော ပြောင်းလဲခြင်း၊ ကျွန်ုပ်သက်တာတွင်၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊
ငါ့ဝိညာဉ် ကြာမြင့်စွာ တောင့်တသည့်အလင်းပင်၊ ငါ့စိတ်တွင် ကိန်းဝပ်စဉ်ကပင်။ 

ထပ်ဆို
ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊ ငါ့စိတ်တွင် ကိန်းဝပ်စဉ်ကပင်၊ 
ဝမ်းမြောက်ခြင်းငါ့စိတ်တွင်၊ ပင်လယ်လှိုင်းလွမ်းသည်နည်း၊ 
ယေရှုရှင် ငါ့စိတ်တွင် ကိန်းစဉ်။

၂။ လမ်းလွဲခြင်း၊ လှည့်လည်ခြင်း ကျွန်ုပ်သည် ရပ်စဲပြီ၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊
ကျွန်ုပ်၏ များစွာသော အပြစ်ကို ဆေးကြောပြီ၊ ငါ့စိတ်တွင် ကိန်းဝပ်စဉ်ကပင်။

၃။ ခိုင်ခံ့၍ ဟုတ်မှန်သော မျှော်လင့်ခြင်းမြဲပိုင်ထား၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊
ကျွန်ုပ်လမ်းမှောင်မိုက်သော ယုံများခြင်းမဆီးတား၊ ငါ့စိတ်တွင် ကိန်းဝပ်စဉ်ကပင်။

၄။ သေမင်းရိပ်လွှမ်းသော ချိုင့်၌ ငါ့ဖို့အလင်းရှိ၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊
ရွှေမြို့တော်တံခါးများ ဟိုဘက်မှာ ငါမြင်၏၊ ငါ့စိတ်တွင် ကိန်းဝပ်စဉ်ကပင်။

၅။ ထိုမြို့၌ စံနေဖို့၊ ကျွန်ုပ်သည် သွားရမည်၊ ယေရှုရှင်ကိန်းဝပ်စဉ်ကပင်၊
ထိုသို့သွားနေစဉ် ဝမ်းမြောက်သည် လွန်ဝမ်းမြောက်သည်၊ ငါ့စိတ်တွင် ကိန်းဝပ်စဉ်ကပင်။
Hymn Number:
184
Title (Myanmar):
ယေရှုရှင် ငါ့စိတ်တွင် ကိန်းစဉ်ကျူး
Title (English):
Since Jesus came into my heart
Composer:
Charles H. Gabriel
Key:
Scriptures:
ရော၊ ၁၅း၁၃
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 175
PDF File

Download PDF

Downloads: 176
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.