Myanmar Hymn Lyrics

187
Hymn Number
200
Views
PPTX: 101
PDF: 103
Downloads
2025-09-30 15:13
Created At

Hymn 187

ပတ္တနာတော်

၁။ ကောင်းကင်ဘုံဝယ်အဖ ဘုရား၊ ကိုယ်တော်၏ နာမတော်မြတ်အား၊ 
ခပ်သိမ်းသော ရိုသေလေးမြတ်ခြင်း ရှိပါစေသော မချွတ်မယွင်း။ 

၂။ နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင်ဘုံပေါ်၊
အစဉ်အမြဲ ပြည့်စုံသည်နည်း၊ မြေပေါ်မှာ ပြည့်စုံစေသတည်း။ 

၃။ အသက်မွေးလောက်သမျှ တိုင်အောင် အစားအသောက် အသုံးအဆောင်၊ 
နေ့စဉ်မပြတ် ကျွန်ုပ်တို့အား အလိုတော်ရှိ ပေးတော်မူပါ။ 

၄။ အခြားသောသူ အပြစ်များကို အကျွန်ုပ်တို့သည် ဖြေလွှတ်သည်လို၊ 
ကျွန်ုပ်တို့၌ အပြစ်များစွာ မမှတ်ဘဲလျက် လွှတ်တော်မူပါ။

၅။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မထိမခိုက်၊ 
အမှုမကောင်း ခပ်သိမ်းတို့မှ ကျွန်ုပ်တို့်ကို ကယ်တော်မူပါ။ 

၆။ အစိုးပိုင်သော အခွင့်တရား၊ ဘုန်းအာနုဘော် တန်ခိုးတေဇာ၊ 
ကမ္ဘာဆက်ဆက် အဆုံးမထင်၊ ကိုယ်တော်၌ ရှိပါ၏။ (အာမင်)
Hymn Number:
187
Title (Myanmar):
ပတ္တနာတော်
Title (English):
The Lord’s Prayer
Composer:
Lowell Mason (1792-1872)
Key:
N/A
Scriptures:
မ၊ ၆း၉-၁၃
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 101
PDF File

Download PDF

Downloads: 103
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.