၁။ ကိုယ်တော်ကဲ့သို့ ပြန်ပြောဖို့ရာ၊ ကိုယ်တော်ရှင်သည် မိန့်တော်မူပါ၊ လမ်းလွဲလျက် ပျက်စီးသူတို့ကို၊ ကိုယ်တော်လိုလိုက်၍ ရှာဖွေလို။ ၂။ လမ်းလွဲသူကို လမ်းပြသည်လို၊ ကျွန်ုပ်ကိုလည်း လမ်းမှန်ဆောင်ပို့၊ ဆာမွတ်သူကို ကျွေးသည့်ပမာ၊ ကျွန်ုပ်ကို ကျွေးမွေးတော်မူပါ။ ၃။ ကျောက်မြစ်ပေါ်မှာ ရပ်နေစဉ်ခါ၊ ကိုယ်တော်ရှင်သည် ခွန်အားပေးပါ၊ ပျက်စီးသူများကို ကယ်ဖို့ရာ၊ ခွန်အားကို ကျွန်ုပ်အား သနား။ အာမင်။