၁။ မာရိနံ့သာဆီလို မမြတ်သော်လည်း၊ ပူဇော်သက္ကာရကို ဆက်သလိုသည်၊ ယဇ်ပူဇော်ခြင်းထက်သာမွှေးသော မေတ္တာနံ့သာ။ ၂။ အားနည်းစဉ်ခါ အားရှိ၊ နေ့စဉ်ပြမည်၊ ပင်ပန်းခြင်းတွေ့သော်လည်း သီချင်းဆိုမည်၊ ကောင်းမှုပြုလေသမျှ၊ ဝိညာဉ်ရလေသမျှ။ ၃။ ကြောက်ရွံ့သောသူတို့အား မျှော်လင့်ခြင်းပေး၊ မျက်ရည်ကျသောသူအား နှစ်သိမ့်ခြင်းပေး၊ ကရုဏာကို ပြပါ၊ လမ်းလွဲသူကို လမ်းပြ။ ၄။ သက်တာကုန်သည်တိုင်အောင် အလုပ်တော်မှာ၊ ကြိုးစားမှုထမ်းရွက်ဆောင်စေတော်မူပါ၊ ဆောင်ရွက်ရန်မှုပြီးလျှင်၊ ပူဇော်ရန် ဝတ်ကုန်စင်။