Myanmar Hymn Lyrics

233
Hymn Number
380
Views
PPTX: 146
PDF: 154
Downloads
2025-10-05 22:16
Created At

Hymn 233

ကိုယ်တော်အား အကောင်းဆုံးကို ပေးပါကျူး

၁။ ပျိုရွယ်စဉ်ခါ သင်၏ ခွန်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊ 
သစ္စာဘက်မှာ စစ်တိုက်သောခါ၊ ဝိညာဉ်စိတ်အားကြီးခြင်းပြ၊ 
ယေရှုရှင်သည် ပျိုရွယ်စဉ်ခါ၊ ပြသော ပုံစံကို လိုက်ပါ၊ 
သစ္စာနှင့်မှုတော်ဆောင်ရွက်ပါ၊ အမြတ်ဆုံးသာ ပူဇော်ပါ။

ထပ်ဆို
ပျိုရွယ်စဉ်ခါ သင်၏ ခင်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊ 
ကယ်တင်ခြင်းစစ်တန်ဆာဆင်ပါ၊ သစ္စာဘက်က ဝင်တိုက်ပါ။ 

၂။ အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ စိတ်နှလုံးကြွင်းမဲ့ချစ်ပါ၊ 
ကိုယ်တော်ဖို့သာ မှုတော်ဆောင်ပါ၊ ရှိသမျှကို ပူဇော်ပါ၊ 
လှူလျှင်သင်သည် ရပြန်လိမ့်မည်၊ သားတော်ကိုပင် ပေးခဲ့ပြီ၊ 
ကျေးဇူးတင်လျက် မှုတော်ဆောင်ပါ၊ အမြတ်ဆုံးသာ ပူဇော်ပါ။

၃။ အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ ခြားအရာမထိုက်တန်ပါ၊ 
ကောင်းကင်ဘုးန်ကို စွန့်ပစ်ပြီးခါ၊ သင့်ကို ကယ်ရန် မြေပေါ်လာ၊ 
ပျက်စီးခြင်းမှ ကယ်တင်ဖို့ရာ၊ မညည်းတွားဘဲ သက်စွန့်ရှာ၊ 
စိတ်ဝိညာဉ်နှင့်သာ ကိုးကွယ်ရာ၊ အမြတ်ဆုံးသာ ပူဇော်ပါ။
Hymn Number:
233
Title (Myanmar):
ကိုယ်တော်အား အကောင်းဆုံးကို ပေးပါကျူး
Title (English):
Give of your best to the master
Composer:
Charlotte A. Barnard (1830-1869)
Key:
N/A
Scriptures:
၁ တိ၊ ၄း၁၂
Category:
တိုက်တွန်းနှိုးဆောင်ခြင်း

PPTX File

Download PPTX

Downloads: 146
PDF File

Download PDF

Downloads: 154
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.