Myanmar Hymn Lyrics

251
Hymn Number
312
Views
PPTX: 106
PDF: 123
Downloads
2025-10-05 22:37
Created At

Hymn 251

ကယ်တင်ရှင် သိုးထိန်းလို လမ်းပြကျူး

၁။ ကယ်တင်ရှင် သိုးထိန်းလို လမ်းပြ၊ ကိုယ်တော် စောင့်မရန် လိုပါ၊ 
စိမ်းလန်းကျက်စားရာတွင် ကျွေးမွေး၊ ပြင်ဆင်ပါ ခြံတော်ဖို့ပေ။ 
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည်၊ ကျွန်ုပ်တို့ကို ဝယ်ယူပြီ၊ 
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည်၊ ကျွန်ုပ်တို့ကို ပိုင်မူ၏။

၂။ ကိုယ်တော် ပိုင်သောကြောင့် ကွယ်ကာပါ၊ လမ်းလျှောက်သွားစဉ် လမ်းပြပါ၊ 
သိုးစုတော်ကို ပြစ်မှ ကွယ်ကာ၊ လမ်းမှားသော် လိုက်ရှာမူပါ၊ 
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည်၊ ကျွန်ုပ်တို့ ဆုတောင်းသောခါ၊
သန့်ရှင်းယေရှု ကျွန်ုပ်တို့၏ ဆုတောင်းသံကို နားညောင်းပါ။ 

၃။ ဆင်းရဲ၍ ပြစ်နှင့် ပြည့်သော်လည်း၊ လက်ခံမည် ကတိရှိပြီ၊ 
ကယ်တင်ရန် ကရုဏာတော်ရှိ၊ ဆေးကြော ကယ်လွတ်ရန် စွမ်း၏၊
သန့်ရှင်းယေရှု ကိုယ်တော်မြတ်ထံ လျင်မြန်စွာ ပြောင်းလဲစေပါ။
သန့်ရှင်းယေရှု ကိုယ်တော်မြတ်ထံ လျင်မြန်စွာ ပြောင်းလဲစေပါ။

၄။ ငယ်စဉ်ခါ မျက်နှာတော်ကို ရှာ၊ အလိုတော်လိုက်ရန် စောင့်မ၊ 
ကယ်တင်ပိုင်ရှင် ကိုယ်တော်ကိုသာ ချစ်လို့ငှာ ခွင့်ပေးသနား။
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ချစ်တော်မူ ကျွန်ုပ်တို့အား။
သန့်ရှင်းယေရှု ကိုယ်တော်မြတ်သည် ယခုတိုင်အောင် ချစ်မူပါ။
Hymn Number:
251
Title (Myanmar):
ကယ်တင်ရှင် သိုးထိန်းလို လမ်းပြကျူး
Title (English):
Saviour like a shepherd lead us
Composer:
William B. Bradbury
Key:
N/A
Scriptures:
ဆာ၊ ၂၃း၁
Category:
ခရစ်ယာန်သက်တာ

PPTX File

Download PPTX

Downloads: 106
PDF File

Download PDF

Downloads: 123
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.