Myanmar Hymn Lyrics

254
Hymn Number
311
Views
PPTX: 113
PDF: 115
Downloads
2025-10-05 22:40
Created At

Hymn 254

လမ်းတလျှောက်လုံးကျူး

၁။ ကယ်တင်ရှင် ငါ့ကို လမ်းပြသည်၊ ဘယ်တောင့်တရန် ရှိသနည်း၊ 
ငါ့ကို လမ်းပြတော်မူရှင်အား၊ ယုံမှားခြင်းရှိရမည်လား၊ 
ဤဘဝ အသက်ရှင်သည်တွင်၊ စုံစမ်းခြင်း မျိုးမျိုးတို့ပင်၊
ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော် စီရင်တိုင်းဖြစ်ပါ။ 
ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော် စီရင်တိုင်းဖြစ်ပါ။ 

၂။ ကယ်တင်ရှင် ငါ့ကို လမ်းပြသည်၊ ထောက်မအားပေးလျက်နှင့်ပင်၊ 
စုံစမ်းခြင်းကို ခံနိုင်ဖို့ရာ၊ ကျွေးတော်မူ အသက်မုန့်မှာ၊ 
ခွန်အားပြည့်လျက် မောပန်းခြင်းကင်း၊ သောက်လျက်နေ သက်စမ်းရေတွင်း၊ 
ပလ္လင်တော် ရှေ့မှ ထွက်စီးလေ၊ ဝမ်းမြောက်ခြင်း စမ်းရေမြင်ပေ။
ပလ္လင်တော် ရှေ့မှ ထွက်စီးလေ၊ ဝမ်းမြောက်ခြင်း စမ်းရေမြင်ပေ။

၃။ ကယ်တင်ရှင် ငါ့ကို လမ်းပြသည်၊ ကိုယ်တော်ချစ်ခြင်း အံ့ဖွယ်တည်း၊ 
ထက်အဖ အိမ်တော်တွင် ငြိမ်းစွာ၊ နေစိမ့်ငှာ ကတိတော်ထား၊ 
ကျွန်ုပ်ဝိညာဉ် အတောင်ဖြန့်လျက် ထွန်းတောက် ကောင်းကင်သို့ ပျံတက်၊ 
ထိုအခါ စဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကို လမ်းပြပြီ။
ထိုအခါ စဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကို လမ်းပြပြီ။
Hymn Number:
254
Title (Myanmar):
လမ်းတလျှောက်လုံးကျူး
Title (English):
All the way
Composer:
Robert Lowry (1816-1899)
Key:
N/A
Scriptures:
N/A
Category:
ခရစ်ယာန်သက်တာ

PPTX File

Download PPTX

Downloads: 113
PDF File

Download PDF

Downloads: 115
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.