Myanmar Hymn Lyrics

257
Hymn Number
252
Views
PPTX: 106
PDF: 114
Downloads
2025-10-05 22:46
Created At

Hymn 257

ယုံကြည်ခြင်း တိုက်မြစ်ကျူး

၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်၌ 
ယုံကြည်ခြင်း တိုက်မြစ်သည် တည်မြဲစဉ်တစိုက်၊
ယေရှုထံတော်ပြေးခိုလှုံ သန့်ရှင်းသူများ ခံစားဖို့ ကတိများ ထူးမြတ်စွာတကား၊ 
ခံစားဖို့ ကတိများ ထူးမြတ်စွာတကား။ 

၂။ သင်နှင့် ငါရှိပြီ၊ အိုမစိုးရိမ်ပါနှင့် ငါကားသင်ဘုရား ငါသင်ပင့်ကို ထောက်ပင့် 
အနန္တတန်ခိုးပြည့်စုံသော ငါ့လက်သည်၊ သင့်ကို အားပေးမစ၊ 
တည်ကြည်စေလိမ့်မည် သင့်ကို အားပေးမစ၊ တည်ကြည်စေလိမ့်မည်။ 

၃။ ရေနက်ကြီးထဲသို့ သင်ဆင်းသွားရမည်ကို ငါသည် ပညတ်လျှင် ဒုက္ခမြစ်လွှမ်းမမိုး၊
တခဲနက် အမင်္ဂလာမှ ချွတ်ဖို့ရန် သင့်ကို သန့်ရှင်းစိမ့်ငှာ ငါသည်ရှိလတံ့၊ 
သင့်ကို သန့်ရှင်းစိမ့်ငှာ၊ ငါသည် ရှိလတံ့။ 

၄။ စုံစမ်းခြင်းမီးထဲသို့ သင်လျှောက်သွားရလျှင် လုံလောက်စွာ ငါ့ကျေးဇူးပေါ်လာမည်အစဉ်၊ 
မီးသင့်ကို မနာစေရ၊ ငါစီရင်မည်၊ သင်ချော်ကျွမ်းစေ၍ သင့်ရွှေချွတ်အံ့သတည်း၊
သင်ချော်ကျွမ်းစေ၍ သင့်ရွှေချွတ်အံ့သတည်း။

၅။ အိုမင်းသည်တိုင်အောင်၊ ငါ့လူအားလုံးတို့သည် မရွေ့လျော့၊ ငါ့မေတ္တာခံစားကြလိမ့်မည်၊
သူတို့ နားထင်၌ ဆံပင်ဖြူသောအခါ၊ ငါ့ရင်ခွင်မှာ နေရလိမ့်မည် လုံခြုံစွာ၊
ငါ့ရင်ခွင်မှာ နေရလိမ့်မည် လုံခြုံစွာ။

၆။ ယေရှုကို မှီဝဲခိုလှုံသော ဝိညာဉ်ကို ငါသည် ရန်သူလက်သို့ အလျင်းမအပ်လို၊ 
ငရဲမင်းက တိုက်လှန်ရန် အားထုတ်သော်ကား၊ ဘယ်ကာလ၌ မျှ ငါမစွန့်ပစ်နိုင်ရာ
ဘယ်ကာလ၌ မျှ ငါမစွန့်ပစ်နိုင်ရာ။
 
Hymn Number:
257
Title (Myanmar):
ယုံကြည်ခြင်း တိုက်မြစ်ကျူး
Title (English):
How firm a foundation
Composer:
John F. Wade
Key:
N/A
Scriptures:
ဟေ၊ ၁၃း၅
Category:
ခရစ်ယာန်သက်တာ

PPTX File

Download PPTX

Downloads: 106
PDF File

Download PDF

Downloads: 114
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.