Myanmar Hymn Lyrics

18
Hymn Number
649
Views
PPTX: 173
PDF: 175
Downloads
2025-09-26 20:05
Created At

Hymn 18

ဂုဏ်တော်ချီးမွမ်းကျူး

၁။ ဝမ်းမြောက်လှစွာ ချီးမွမ်းပါသည်၊ ဘုန်းကြီးဘုရား မေတ္တာရှင်၊ 
ပန်းတို့နေတွင် ပွင်းလင်းအလား၊ စိတ်ဝိညာဉ်များ ဖွင့်လျက်ထား၊
ယုံမှားခြင်းနှင့် ဝမ်းနည်းပြစ်များ ပယ်ရှင်းတော်မူပါ အဘ၊
ဝမ်းမြောက်ခြင်းစဉ်မြဲပေးအရှင် ကျွန်ုပ် စိတ်တွင် လင်းစေပါ။ 

၂။ ကောင်းကင်မြေကြီး ထွန်းပလျက်နေ ကိုယ်တော်လက်ချက် ဖော်ြပလေ၊ 
ကောင်းကင်သားများနှင့် ကြယ်များတို့၊ ကိုယ်တော် ပတ်လည်ချီးကျူးကြ၊ 
လယ်နှင့်သစ်တော တောင်နှင့် ချိုင့်ဝှမ်း၊ မြက်ခင်း ပန်းမန်နှင့် ပင်လယ်၊ 
စီးသောစမ်းရေ သီဆိုငှက်များ ချီးမွမ်းရန် နှိုးဆော်လျက်နေ။ 

၃။ ကိုယ်တော်သည် အမြဲ အပြစ်လွှတ် စဉ်မြဲကောင်းကြီးပေးလျက်နေ၊ 
ပျော်ရွှင်သက်တာ ကိုယ်တော်မှလာ၊ ငြိမ်သက်ခြင်း ပေးသောဘုရား၊ 
မေတ္တာခိုလှုံသူများ အားလုံး ကိုယ်တော်ရှင်အဘ ပိုင်ပေး၊ 
ကျွန်ုပ်တို့ချင်း ချစ်ရန်သင်ပေး ဝမ်းမြောက်ခြင်းကို တွေ့စေပါ။ 

၄။ နံနက်ယံကြယ်များ ကျူးရာတွင် လူသားများလည်း တူပါဝင်၊ 
အဘမေတ္တာ ကျွန်တို့လွှမ်းမိုး လူတို့ပေါ် မေတ္တာအုပ်စိုး၊ 
တိုက်ခိုက်ခြင်းဝယ် အောင်မြင်သူတို့ စဉ်မြဲ ကျူးလျက် ရှေ့ချီတက်၊ 
သက်တာ၏ အောင်မြင်သီချင်းသံ ဝမ်းမြောက်စွာ ထက်သို့ယူဆောင်။ (အာမင်) 
 
Hymn Number:
18
Title (Myanmar):
ဂုဏ်တော်ချီးမွမ်းကျူး
Title (English):
Joyful, Joyful We Adore Thee
Composer:
Ludwig Van Beethoven (1770-1827)
Key:
N/A
Scriptures:
N/A
Category:
ဂုဏ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 173
PDF File

Download PDF

Downloads: 175
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.