Myanmar Hymn Lyrics

279
Hymn Number
315
Views
PPTX: 145
PDF: 172
Downloads
2025-10-06 20:52
Created At

Hymn 279

အံ့ဖွယ်ဝတ္ထုကျွန်ုပ်ကျူးအေးမည်ကျူး

၁။ အံ့ဖွယ် ဝတ္ထုကို ကျူးအေးမည်၊ ခရစ်တော် သေခံမူရာ၊ 
ထက်ကောင်းကင် ဘုန်းတော်မြတ် စွန့်၏၊ တိုင်ပေါ်မှာ သေခံခြင်းငှာ။ 

ထပ်ဆို 
ကျူးအေးမည်၊ အံ့ဖွယ်ဝတ္ထုတော်၊ ကျွန်ုပ်တွက် ယေရှုသေရှာ၊ 
ဖန်ရေကန်တော်နား စုရုံးသော သန့်ရှင်းသူနှင့် ကျူးအေးကြ။ 

၂။ ပျောက်စဉ်ခါ ယေရှုရှင်ရှာတွေ့လမ်း လွဲသော သိုးကို တွေ့လေ၊ 
လက်တော်ြဖင့် ကျွန်ုပ်ကို ပိုက်ပွေ့၊ လမ်းတော်ထဲသို့ ပြန်ပို့ပေ။ 

၃။ နာသောခါ ယေရှု ချမ်းသာပေး၊ လဲသောကြောင့် အားနည်းလှ၏၊ 
မျက်စိကွယ်၍ ကြောက်ခြင်းပြည့်လေ၊ သို့သော် ကိုယ်တော်လွှတ်မူပြီ။ 

၄။ မှောင်မိုက်နေ့ ကျွန်ုပ်ပေါ် ရောက်လာ၊ ဝမ်းနည်းခြင်းလမ်းကို လျှောက်ရာ၊ 
ကိုယ်တော် ကျွန်ုပ်နှင့် စဉ်ရှိပါ၊ လက်ဖြင့် လုံခြုံစွာ လမ်းပြ။ 

၅။ သေခြင်းမြစ်ကူးရသည်တိုင်အောင် ကိုယ်တော်ရှင် စောင်မမူမည်၊ 
မြစ်ကိုကျော်၍ ဘေးမဲ့ ပို့ဆောင်၊ ချစ်သူတို့နှင့် တွေ့ရမည်။
 
Hymn Number:
279
Title (Myanmar):
အံ့ဖွယ်ဝတ္ထုကျွန်ုပ်ကျူးအေးမည်ကျူး
Title (English):
I will sing the wondrous story
Composer:
Peter P. Bilhom (1865-1936)
Key:
N/A
Scriptures:
ဆာ၊ ၈၉း၁
Category:
ခိုလှုံကိုးစားခြင်း

PPTX File

Download PPTX

Downloads: 145
PDF File

Download PDF

Downloads: 172
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.