Myanmar Hymn Lyrics

323
Hymn Number
295
Views
PPTX: 138
PDF: 136
Downloads
2025-10-12 11:19
Created At

Hymn 323

ဉပုသ်တော်နေ့တွက် အားရခြင်းကျူး

၁။ ကျေးဇူးရှင် ပို့ဆောင်သောကြောင့်၊ ဘေးကင်း၍ ဉပုသ်ပြန်လာ၊ 
ဤနေ့မှာ ဆုတောင်းရအောင်၊ ဗိမာန်တော်၌ စည်းဝေးကြ၊ 
နေ့အပေါင်းတို့တွင် ကောင်းဆုံး၊ ထာဝရ ငြိမ်သက်ခြင်းပုံ၊ 
နေ့အပေါင်းတို့တွင် ကောင်းဆုံး၊ ထာဝရ ငြိမ်သက်ခြင်းပုံ။

၂။ ရွေးနှုတ်ရှင်အမှီပြု၍ ပြစ်လွှတ်ခြင်းခွင့်ရှာစဉ်ခါ၊ 
မျက်နှာတော် ပြတော်မူလေ၊ ရှက်ကြောက်ဘွယ်ရာများ ပယ်ရှား၊ 
ဤနေ့၌ သောကကင်းစင်၊ ကိုယ်တော်မြတ် ငြိမ်သက်ခြင်းရှင်၊
ဤနေ့၌ သောကကင်းစင်၊ ကိုယ်တော်မြတ် ငြိမ်သက်ခြင်းရှင်။

၃။ နာမတော်ချီးမွမ်းရအောင်၊ ဗိမာန်တော်၌ စုသောခါ၊ 
ကိုယ်တော်သည် ဧကန်ရှိကြောင်း ဘုန်းတော်ဖြင့် ထင်ရှားစေပါ၊ 
ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာ မြည်းစမ်းချင်ဘုရား၊
ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာ မြည်းစမ်းချင်ဘုရား။

၄။ ဝမ်းမြောက်ဘွယ်သိတင်းတရား၊ ဆိုးသူ ကောင်းသူကြားသဖြင့်၊ 
ကျေးဇူးတော်အမျိုးမျိုး ပွားဆင်းရဲဒုက္ခများ ပယ်ရှား၊ 
ထိုသို့ ဉပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှ လမ်းဆုံး၊
ထိုသို့ ဉပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှ လမ်းဆုံး။
Hymn Number:
323
Title (Myanmar):
ဉပုသ်တော်နေ့တွက် အားရခြင်းကျူး
Title (English):
Safely through another week
Composer:
Lowell Mason (1792-1872)
Key:
N/A
Scriptures:
N/A
Category:
သခင်ဘုရားနေ့

PPTX File

Download PPTX

Downloads: 138
PDF File

Download PDF

Downloads: 136
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.