Myanmar Hymn Lyrics

355
Hymn Number
229
Views
PPTX: 106
PDF: 111
Downloads
2025-10-12 12:03
Created At

Hymn 355

ရိတ်ချိန်တွင် ဘယ်သို့နည်းကျူး

၁။ နံနက်စောစော မျိုးစေ့ကြဲကြလေ၊ မွန်းတည့်ချိန်၌လည်း အားထုတ်ပါစေ၊ 
နေအေးချိန်တွင်လည်း ကြိုးစားကြလေ၊ ညဉ့်အချိန်တွင်လည်း စိုက်ပျိုးကြစေ၊ 
အိုရိတ်ချိန်တွင် ဘယ်သို့နည်း၊ အိုရိတ်ချိန်တွင် ဘယ်သို့နည်း။

ထပ်ဆို
နေ့တွင် စိုက်ပျိုးသည်နည်း၊ ညတွင် စိုက်လေ၊ အားရှိချိန် စိုက်သည်နည်း
အားနည်းချိန်စိုက်၊ အနန္တကာလဖို့ စိုက်ပျိုးကြ၊ စုသိမ်းချိန် ရောက်ရလိမ့် တကား။ 

၂။ ချို့သော စေ့ကား လမ်း၌ကျပျောက်၏၊ ချို့သော စေ့ကား ကျောက်တွင်ကျသေ၏၊ 
ချို့သောစေ့ကား ဆူးဖြင့် ပျက်ကုန်၏၊ ချို့သော စေ့ကောင်းသောမြေ၌ ပေါက်စေ၊ 
အိုရိတ်ချိန်တွင် ဘယ်သို့နည်း၊ အိုရိတ်ချိန်တွင် ဘယ်သို့နည်း။ 

၃။ ဒုက္ခခံလျက် မျိုးစေ့ကြဲကြလေ၊ သူရူးကဲ့သို့ပင် ကြဲဖြန့်ပါစေ၊
ရှုတ်ချခြင်းခံလျက် အားထုတ်ကြလေ၊ အရှက်ခံလျက်နှင့် စိုက်ပျိုးကြစေ၊ 
အိုရိတ်ချိန်တွင် ဘယ်သို့နည်း၊ အိုရိတ်ချိန်တွင် ဘယ်သို့နည်း။ 

၄။ ကျိုးပဲ့စိတ်နှင့် မျိုးစေ့ကြဲကြလေ၊ မျက်ရည်ကျလျက်နှင့် ကြိုးစားပါစေ၊ 
ရိတ်သူလာသည်တိုင်အောင် အားထုတ်လေ၊ စုသိမ်းချိန်တိုင်အောင် စိုက်ပျိုးကြစေ၊ 
အိုရိတ်ချိန်တွင် ဘယ်သို့နည်း၊ အိုရိတ်ချိန်တွင် ဘယ်သို့နည်း။
Hymn Number:
355
Title (Myanmar):
ရိတ်ချိန်တွင် ဘယ်သို့နည်းကျူး
Title (English):
What shall the harvest be?
Composer:
Philip P. Bliss (1838-1976)
Key:
N/A
Scriptures:
ဂလာ၊ ၆း၇
Category:
ကမ္ဘာလုံးသာသနာ

PPTX File

Download PPTX

Downloads: 106
PDF File

Download PDF

Downloads: 111
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.