Myanmar Hymn Lyrics

373
Hymn Number
246
Views
PPTX: 105
PDF: 109
Downloads
2025-10-13 19:52
Created At

Hymn 373

ငါ၏ နာမည်ရေးလျက်ရှိသလားကျူး

၁။ ကြွယ်ဝခြင်းကို မှုမထား၊ ရွှေငွေ မတောင့်တပါ၊ 
ကောင်းကင်အရင်ရှာမည်၊ သိုးခြံထဲသို့ဝင်မည်၊ 
နိုင်ငံတော် သက်စာစောင်တွင် ကျွန်ုပ်၏ နာမည်ပင် 
ရေးမှတ်ထားလျက်ရှိသလား၊ ယေရှုရှင်ကြားပြောပါ။ 

ထပ်ဆို 
အကျွန်ုပ်၏ နာမည်နိုင်ငံသက်စာစောင်၏
 ဖြူစင်လှစွာ စာရွက်မှာ ရေးသားလျက်ရှိသလား။

၂။ ကျွန်ုပ်အပြစ်များလှပါ၊ ပင်လယ်သဲလုံးပမာ၊ 
သို့သော် ကိုယ်တော်သွေးတော်သည် ကျွန်ုပ်ဖို့ လောက်ပေ၏၊ 
ကိုယ်တော်မြတ်သည် ပေးသနား ကတိတော်လာသည်ကား၊ 
သင်၏ အပြစ်နီသော်လည်း၊ မိုးပွင့်လို ဖြူစေမည်။ 

၃။ တင့်တယ်သန့်ရှင်းမြို့တော်မှာ အိမ်တော်ထွန်းလင်းလှပါ၊ 
သန့်ရှင်းဘုန်းကြီး သတ္တဝါဝတ်လုံဖြူစင် ဝတ်ကြ၊ 
ထိုတင့်တယ်သော အရပ်မှာ အန္တရာယ်မရှိပါ၊ 
ကောင်းကင်သားများ စောင့်နေရာ ငါ့နာမည်ရှိသလား။ 
 
Hymn Number:
373
Title (Myanmar):
ငါ၏ နာမည်ရေးလျက်ရှိသလားကျူး
Title (English):
Is my name written there?
Composer:
Frank M. Davis
Key:
N/A
Scriptures:
N/A
Category:
ထာဝရအသက်

PPTX File

Download PPTX

Downloads: 105
PDF File

Download PDF

Downloads: 109
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.