Myanmar Hymn Lyrics

40
Hymn Number
736
Views
PPTX: 195
PDF: 206
Downloads
2025-09-27 12:19
Created At

Hymn 40

ပထမ ဆာလံကျူး

၁။ လူမတရား တိုက်တွန်းခြင်းကို ဖယ်ရှား၍ အားမပေး။
လူဆိုးလမ်းတွင် မရပ်သောသူ၊ အပြစ်နှင့် လွန်ကွာဝေး။ 

၂။ မထီမဲ့မြင်ပြုသောသူများ၏ စုဝေးရာ လိုက်မပါ၊ 
သူတို့ အပေါင်းအသင်းကိုလည်း မဝင်သူ လွန်သာယာ။ 

၃။ ဘုရား၏ မြတ်တရားတော်တွင် မွေ့လျော်တရားမြတ်ကို၊ 
နေ့ညမပြတ် ဆင်ခြင်သောသူ၊ ရွှင်ပျော်လျက် သီချင်းဆို။ 

၄။ ထိုသူသည် မြစ်အနားမှာ စိုက်၊ အချိန်တန်သော်မှသီး၊ 
အရွက်မညိုးနွမ်းသော အပင်ပမာ နှင့် တူသတည်း။ 

၅။ အကြင်မည်သော အမှုမြတ်ကို ထိုကောင်းသူ ဆောင်ရွက်၏၊ 
ဘုရားမြတ် ကူညီတော်မူလျက်၊ ထိုသူသည် အောင်လိမ့်မည်။ 

၆။ တရားကို ပယ်သောသူသည်ကား၊ လေတိုက်သော ဖွဲတူညီ၊ 
တရားဆုံးဖြတ်တော်မူသောခါ၊ မတည်မနေသင့်ပြီ။ 

၇။ ဖြောင့်မတ်သောသူ စုဝေးရာ၌ လူဆိုးမဝင်သင့်ရာ၊ 
သူမြတ်တရား၏ လမ်းတော်ကို လူမိုက်မလိုက်ချင်ပါ။ 

၈။ သူမြတ်၏ လမ်းကို မြတ်ဘုရား နှစ်သက်တော်မူလေ၏။ 
လူဆိုး၏ လမ်း ဆုံးရှုံးခြင်းသို့ ကျရောက်ရလိမ့် သတည်း။
Hymn Number:
40
Title (Myanmar):
ပထမ ဆာလံကျူး
Title (English):
N/A
Composer:
N/A
Key:
N/A
Scriptures:
ဆာလံ ၁
Category:
ဖန်ဆင်းရှင်

PPTX File

Download PPTX

Downloads: 195
PDF File

Download PDF

Downloads: 206
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.